အရမ်းကြီး ချစ်မိသွားတဲ့အခါ

အရမ်းကြီး ချစ်မိသွားတဲ့အခါ အချစ်ဆိုတာက သိပ်ကို ဆန်းကြယ်ပါတယ်။ ခံစားချက်လေး တစ်ခုဆိုပေမယ့် ရှိရှိသမျှ ခံစားချက်တွေထဲက အထူးဆန်းဆုံး အရာလည်း ဖြစ်ပါတယ်။ ကိုယ့်ခံစားချက်တောင် ကိုယ် မပိုင်တာမျိုးကို ချစ်မိကြသူတွေသာ သိနားလည်ကြပါတယ်။ တစ်ယောက်ယောက်ကို ချစ်မိတဲ့ သင့် ခံစားချက်တွေကို ဘယ်လို လုပ်ရမယ်ဆိုတာကိုတောင် သင် မပြောင်းလဲနိုင်ပါဘူး။ ဘယ်လိုမျိုးလဲဆိုရင်…. (၁) စိတ်ဆိုးလို့ မရဘူး ချစ်မိသွားရင်တော့ သူက ကိုယ် စိတ်ဆိုးတဲ့ အရာကို လုပ်ရင်တောင်မှ အသိစိတ်အရ စိတ်ဆိုးသင့်တဲ့အရာဆိုတာကို လက်ခံပေမယ့် ခံစားချက်ကတော့ ဘယ်လိုမှ စိတ်မဆိုး ဖြစ်နေတတ်ပါတယ်။ စိတ်ဆိုးသင့်တာကို သိပေမယ့် စိတ်လည်း ဆိုးချင်ပေမယ့် ဘယ်လိုမှ စိတ်ဆိုးမနေတာကတော့ အချစ်စိတ်ကြောင့်ပါပဲ။ (၂) မချစ်လို့ မရဘူး ချစ်မိတဲ့အခါ မချစ်သင့်ဘူး မချစ်နဲ့လို့ တားလို့ မရတော့ပါဘူး။ သူ့အလိုအလျောက် ဖြစ်တာမို့ သင်လည်း တားလို့ ရမှာ မဟုတ်ပါဘူး။ သူ့ကို ချစ်နေတာကို သိနေမယ် ခံစားလို့ ရနေမယ်။ ဒါပေမယ့် ဒီခံစားချက်ကို သင် ဘယ်လိုမှ ပြောင်းလဲ မရပါဘူး။ (၃) မုန်းလို့ မရဘူး ချစ်မိတဲ့အခါ အရှုံးချည်းပဲလို့ ကြားဖူးမှာပါ။ ဒီစကားက တကယ်ပါပဲ။ ချစ်မိတဲ့အခါ သူ ကိုယ့်ကို လမ်းခွဲစကာ...